Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 2:27

Judson Bible

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊

ထို​မှ​တစ်​ပါး၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ငါ​ခန့်​ထား၏။

ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း သန့်​ရှင်း​စေ​ကြ​လော့။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ သင်​တို့​သည် သိ​မည်​အ​ကြောင်း၊ ထို​ဥ​ပုသ်​နေ့​တို့​ကို ငါ​နှင့် သင်​တို့​စပ်​ကြား​မှာ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​စေ​ကြ​လော့​ဟု ငါ​ဆို၏။

သို့​ဖြစ်၍ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိသတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊-

မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-

အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။

သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​အ​စ​ရှိ​သော သင်၏​တိ​ရ​စ္ဆာန်၊ သင်၏​တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ သင်​သည် ငြိမ်​ဝပ်​စွာ​နေ​သ​ကဲ့​သို့၊ သင်၏​ကျွန်​ယောက်ျား မိန်း​မ​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်။

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ