Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 2:26

Judson Bible

ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဇာ​ဒုတ်​နှင့် လေ​ဝိ​လူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်​ရောက်​လာ၍ သေ​တ္တာ​တော်​ကို ချ​ထား​ကြ၏။ လူ​အ​ပေါင်း​တို့​သည် မြို့​ထဲ​က​ထွက်၍ မ​ကုန်​မီ​တိုင်​အောင် အ​ဗျာ​သာ​သည် ယဇ်​ပူ​ဇော်​လျက်​နေ၏။

ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပို့၍ ထို​မြို့၌​နေ​ကြ၏။

မြို့​တွင် သင်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်၍ နန်း​တော်၌​ကြား​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပြန်​ပြော​ရ​မည်။

ရှေ​ဝ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။

အ​ဟိ​တုပ်​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။

အ​ဗ​ရှ​လုံ​ညီ​လည်း ဖြစ်၏။ သူ​သည် ဇေ​ရု​ယာ​သား​ယွာ​ဘ၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​နှင့်​တိုင်​ပင်၍ သူ​တို့​သည် အ​ဒေါ​နိ​ယ​ဘက်​မှာ နေ​ကြ၏။

ရှော​လ​မုန်​မင်း​ကြီး​က၊ အ​ဒေါ​နိ​ယ​အ​ဖို့ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို​သာ အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း။ နိုင်​ငံ​တော်​ကို​လည်း သူ​အ​ဖို့​တောင်း​ပါ​လော့။ သူ​သည် ကျွန်ုပ်​နောင်​တော်​ဖြစ်၏။ သူ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဇေ​ရု​ယာ၏​သား​ယွာ​ဘ​အ​ဖို့ တောင်း​ပါ​လော့​ဟု မယ်​တော်​အား​ပြန်​ပြော​ပြီး​မှ၊

ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။

လေ​ဝိ​အ​မျိုး နာ​သ​နေ​လ​သား စာ​ရေး​တော်​ရှေ​မာ​ယ​သည် ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​သား အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ရှေ့​မှာ နာ​မ​များ​ကို မှတ်​ရ၏။ စာ​ရေး​တံ​ပြု၍ ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က အ​လှည့်​လှည့် ရွေး​ကောက်​ခန့်​ထား​သော သူ​ဟူ​မူ​ကား၊

ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ မိ​မိ​မ​စား​အပ်၊ မိ​မိ​အ​ဖော်​မ​စား​အပ်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သာ စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား​သည်​အ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-

ကိုယ်​တော်​က၊ ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဗျာ​သာ​လက်​ထက်၌ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ ဆာ​မွတ်၍ မ​တတ်​နိုင်​သော​အ​ခါ၊-

ဒါ​ဝိဒ်​သည် ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်၍၊ အ​ဟိ​မ​လက်​သည် ဒါ​ဝိဒ်​နှင့်​တွေ့​သော​အ​ခါ ကြောက်၍၊ သင်​သည် လူ​တစ်​ယောက်​မျှ​မ​ပါ​ဘဲ အ​ဘယ်​ကြောင့် တစ်​ကိုယ်​တည်း​လာ​သ​နည်း​ဟု မေး​သော်၊

အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။

ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ