Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 2:16

Judson Bible

ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။-

သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-

ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။-

ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-

ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။-

ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-

လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။

ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-

ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-

အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။-

ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။-

အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ