ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူတို့မျှ မပြောမဆိုကြ။
ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။-
ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။-
သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။-
ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။-
ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။-
တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-