ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။-
ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊-
ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။-
တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊-
ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။-