ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။
ငါခေါ်၍ အရှင်သည် ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
အချို့တို့သည် ယုံမှားခြင်းရှိကြ၏။-
ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊-
သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။-
ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊-
ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။-