Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 16:1

Judson Bible

ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။

ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။-

ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။-

မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-

ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊-

မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် နံ​နက်​စော​စော၊ နေ​ထွက်​သော​အ​ချိန်၌ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။-

ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။

ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။-

ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် အ​ရုဏ်​တက်​သော​အ​ချိန်၌၊ ထို​မိန်း​မ​တို့​သည် အ​ခြား​သော​မိန်း​မ​တို့​နှင့်​တ​ကွ မိ​မိ​တို့ ပြင်​ဆင်​သော​နံ့​သာ​မျိုး​ကို ဆောင်​လျက် သင်္ချိုင်း​တော်​သို့ သွား​ကြ၏။-

ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-

ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ