ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။-
တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။-
ထိုနေ့ကား အဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊-
အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။-
ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှာ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။-
အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။-