Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 14:31

Judson Bible

ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​မ​ငြင်း​မ​ပယ်​ပါ​ဟု သာ၍ ခိုင်​ခံ့​သော​စ​ကား​နှင့် လျှောက်​ပြန်၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​က၊ သင်​သည်​ကိုယ်​ပြည်​သို့ ပြန်​ချင်​သော​စိတ်​ရှိ​မည်​အ​ကြောင်း ငါ့​ထံ​မှာ​အ​ဘယ်​အ​ရာ လို​သေး​သ​နည်း​ဟု မေး​သော်၊ အ​ဘယ်​အ​ရာ​မျှ​မ​လို​ပါ။ သို့​သော်​လည်း သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​လေ၏။

ဟာ​ဇေ​လ​က၊ ကိုယ်​တော်​ကျွန်​သည် ခွေး​ဖြစ်​လျက်​နှင့် ဤ​မျှ​လောက်​ကြီး​သော​အ​မှု​ကို ပြု​ရ​ပါ​လိမ့်​မည်​လော​ဟု မေး​ပြန်​သော်၊ ဧ​လိ​ရှဲ​က၊ သင်​သည် ရှု​ရိ​နိုင်​ငံ​ကို စိုး​စံ​ရ​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို၏။

ငါ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်​ဟု ကောင်း​စား​စဉ်​အ​ခါ အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။

လူ​အ​ပေါင်း​တို့​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု တ​ညီ​တ​ညွတ်​တည်း ပြန်​ပြော​ကြ၏။ မော​ရှေ​သည်​လည်း သူ​တို့​၏​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​လေ​၏။

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။

စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။

အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။

အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-

လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ