Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 14:28

Judson Bible

သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့၊ ဂါ​လိ​လဲ​ပြည်​သို့​သွား​မည်​ဟု မိန့်​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-

သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ သွား​မည်​ဟု မိန့်​တော်​မူ​သော်၊-

ယေ​ရှု​က​လည်း ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​ကြ​လော့။ ငါ့​ညီ​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား​စေ​ခြင်း​ငှာ ဤ​သ​တင်း​စ​ကား​ကို ကြား​ပြော​ကြ​လော့။ ထို​ပြည်၌ သူ​တို့​သည် ငါ့​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ကျိပ်​တစ်​ပါး​သော တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား၍ ယေ​ရှု​မှာ​ထား​တော်​မူ​သော တောင်​ပေါ်​သို့ တက်​ကြ​လျှင်၊ ကိုယ်​တော်​ကို​တွေ့​မြင်၍ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။-

အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။-

ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် စိတ်​ပျက်​ကြ​သော်​လည်း အ​ကျွန်ုပ်​သည် စိတ်​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-

သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။-

တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ