ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊-
ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။-
ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊-
သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။-
သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။-
ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာတစ်စုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။
ထိုသို့ စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။-