Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 14:12

Judson Bible

ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် သွား၍ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​မှ​စ၍ နှစ်​ဆယ်​တစ်​ရက်​နေ့ ညဉ့်​ဦး​တိုင်​အောင်၊ သင်​တို့​သည် တ​ဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​မည်။

ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။

အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

ယေ​ရှု​က​လည်း အ​လုံး​စုံ​သော​တ​ရား​တို့​ကို အ​ကုန်​အ​စင် ကျင့်​သင့်​သည်​ဖြစ်၍ ယ​ခု​အ​ခွင့်​ပေး​ပါ​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ ယော​ဟန်​သည် ဝန်​ခံ​လေ၏။

ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။-

ထို​သူ​တို့​သည် ကြား​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​နောက် အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို အ​ဘယ်​သို့​အပ်​ရ​မည်​နည်း​ဟု ရှာ​ကြံ​လျက်​နေ၏။

ကိုယ်​တော်​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊ သင်​တို့​သည် မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍၊-

အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​အ​ရပ်​ရပ်​တို့​တွင် ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​သော အ​ခွင့်​ရှိ​သည်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ