Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 13:8

Judson Bible

လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ၊ တစ်​မြို့​နှင့်​တစ်​မြို့​ထ​ကြ၍၊ ဘေး​အ​မျိုး​မျိုး​အား​ဖြင့်၊ ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ၏။

ထို​အ​ရပ်၌ သူ​တို့​သည် ကြောက်​လန့်​ခြင်း​သို့​ရောက်၍ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ရှိ​ကြ၏။

အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ပြု​စေ​ခြင်း​ငှာ ငါ​နှိုး​ဆော်​သ​ဖြင့်၊ သူ​တို့​သည် ညီ​အစ်​ကို​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ အိမ်​နီး​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ တစ်​မြို့​နှင့် တစ်​မြို့၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ စစ်​တိုက်​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။

ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့​ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို ဖွား​နိုင်​အောင်​ခွန်​အား​မ​ရှိ။

သင်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​သို့ ပြော​လိမ့်​မည်​နည်း။ သူ​တို့​သည် သင့်​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း​ငှာ၊ သင်​သည် ကိုယ်​တိုင်​အ​ကြံ​ပေး​ပြီ။ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သော ဝေ​ဒ​နာ​ကို သင်​ခံ​ရ​လိမ့်​မည် မ​ဟုတ်​လော။

အာ​ရဇ်​ပင်​တို့၌ အ​သိုက်​လုပ်​တတ်​သော လေ​ဗ​နုန်​တောင်​သား၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ သင်​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​မျှ​လောက် သ​နား​ဖွယ်​ဖြစ်​လိမ့်​မည်​တ​ကား။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​သည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူး​သွား​လိမ့်​မည်။ မြေ​ကြီး​အ​စွန်း​အ​နား​တို့​မှ ပြင်း​စွာ​သော လေ​ပွေ​သည် ထ​လိမ့်​မည်။

အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။

ဒ​မာ​သက်​မြို့​သည် အား​လျော့​ပြီ။ ပြေး​အံ့​သော​ငှာ ကိုယ်​ကို​လှည့်​ပြီ။ တုန်​လှုပ်​လျက် နေ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ၏။

သူ​တို့၏​သ​တင်း​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည်​ကြား၍ လက်​အား​လျော့၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ရ၏။

ထို​သ​တင်း​ကို ငါ​တို့​သည်​ကြား၍ လက်​အား​လျော့​ကြ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။

တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။

ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့် သူ​တို့​သည် အ​လွန်​ရုန်း​ရင်း​ခတ်​မျှ​ပြု၍၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ချင်း​ရိုက်​သော်​လည်း၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍ သတ်​ကြ​လိမ့်​မည်။

ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-

သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။

သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-

ထို​သူ​တို့​အ​ဝင်၊ အာ​ဂ​ဗု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်​ထ၍၊ မြေ​တစ်​ပြင်​လုံး၌ အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း​ဖြစ်​လ​တ္တံ့​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ၏။ ထို​ခေါင်း​ပါး​ခြင်း​သည် ကဲ​သာ​ဘု​ရင် က​လော​ဒိ​လက်​ထက်၌ ဖြစ်​သ​တည်း။-

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ