Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 13:32

Judson Bible

ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။

ကာ​လ​ကြာ​မြင့်​ပြီး​မှ ထို​ငယ်​သား​တို့၏ အ​ရှင်​သည် လာ၍ သူ​တို့​ကို စာ​ရင်း​ယူ​လေ၏။-

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊-

ကောင်း​ကင်​နှင့် မြေ​ကြီး မ​တည်​သော်​လည်း ငါ့​စ​ကား​တည်​လိမ့်​မည်။

သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။-

သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။-

ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ