Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 13:14

Judson Bible

ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​သည် သူ၏​စည်း​စိမ်​ကို လု​ယူ​ပါ​ပြီ။ ပ​ရိ​သတ်​တော်​ထဲ​သို့ မ​ဝင်​ရ​ဟု မြစ်​တား​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​သည် သူ၏ သန့်​ရှင်း​ရာ​ဌာ​န​တောင်​ထဲ​သို့​ဝင်​ကြောင်း​ကို သူ​မြင်​ရ​ပါ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​နေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​ဝင်​ရ။

ထို​မင်း​နောက်​မှ စစ်​လက်​နက်​တို့​သည် ပေါ်​လာ​သ​ဖြင့်၊ တန်​ခိုး​ကြီး​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း​ကြ​လိမ့်​မည်။ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​ကို​လည်း တည်​ထား​ကြ​လိမ့်​မည်။

နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။

ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊

တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် နား​လည်​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ နား​လည်​ပါ​ပြီ​သ​ခင်​ဟု တ​ပည့်​တော်​တို့​သည် လျှောက်​ကြ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဉာဏ်​အ​ရာ၌ သူ​ငယ်​မ​ဖြစ်​ကြ​နှင့်။ မ​တ​ရား​သော​အ​မှု​အ​ရာ၌ နို့​စို့​သူ​ငယ်​ဖြစ်​ကြ​လော့။ ဉာဏ်​အ​ရာ၌ အ​သက်​ကြီး​သော​သူ ဖြစ်​ကြ​လော့။-

ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ