ရှင်မာကု 12:9Judson Bibleသို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ ခပ်သိမ်းသောအရပ်တို့၌ နံ့သာပေါင်းကို ငါ၏နာမတော်အားမီးရှို့၍၊ သန့်ရှင်းသော ပူဇော်သကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တစ်ပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်းမွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမီတိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေးဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။