Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 12:5

Judson Bible

အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​သတ်​ကြ၏။ အ​ခြား​သော​ငယ်​သား​များ​တို့​တွင် အ​ချို့​တို့​ကို ရိုက်​ကြ၏။ အ​ချို့​တို့​ကို သတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နှစ်​ပေါင်း​များ​စွာ သူ​တို့​ကို​သည်း​ခံ၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​တို့၌​ရှိ​သော ကိုယ်​တော်၏ ဝိ​ညာဉ်​အား​ဖြင့် ဆုံး​မ​တော်​မူ​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ အပ်​တော်​မူ၏။

ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။-

အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။-

ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။-

နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ခဲ​နှင့်​ပစ်​သ​ဖြင့်၊ သူ၏​ခေါင်း​ကို​မှန်၍ အ​ရှက်​ခွဲ​ပြီး​မှ လွှတ်​လိုက်​ကြ၏။-

ထို​ကြောင့် ဥ​ယျာဉ်​ရှင်​သည် မိ​မိ၌​ချစ်​သား​တစ်​ယောက်​တည်း ရှိ​သေး​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၍ မိ​မိ​သား​ကို နောက်​ဆုံး၌ စေ​လွှတ်​လေ၏။-

ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ