Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 12:44

Judson Bible

အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား အ​လွန်​ဆင်း​ရဲ​လျက်​ပင်၊ မိ​မိ​အ​သက် မွေး​စ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍ ငါ​အ​မှန်​ဆို​သည်​ကား၊ ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သော​သူ အ​ပေါင်း​တို့​ထက် ထို​ဆင်း​ရဲ​သား​မု​ဆိုး​မ​သည် သာ၍ သွင်း​ချ​ခဲ့​ပြီ။-

ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။-

သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။-

ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။-

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊-

ကြိတ်​ဆုံ​အ​ပေါ် ကျောက်​ပြား​ကို​ဖြစ်​စေ၊ အောက်​ကျောက်​ပြား​ကို ဖြစ်​စေ၊ အ​ဘယ်​သူ​မျှ အ​ပေါင်​မ​ယူ​ရ။ ထို​သို့​ယူ​လျှင်၊ သူ့​အ​သက်​ကို အ​ပေါင်​ယူ​သည်​နှင့်​တူ၏။

အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ