နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။-
ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်ကိုရိတ်၍ အဝတ်ကို တင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကိုလည်းကောင်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကိုလည်းကောင်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။-
အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။-
နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။-