အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။-
ထိုအခါ ယုဒသည်ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဖက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွယ်လော့ဟုဆို၏။
ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊-
သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ကြပြီဟု လျှောက်ကြ၏။
ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှ ဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကို ထောက်မခြင်းငှာ၊ သူ၏မယား မောဘအမျိုးသမီး ရုသကိုလည်း ဝယ်ရသေးသည်ဟုဆိုသော်၊