Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 12:1

Judson Bible

ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-

သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊-

အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊-

အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-

ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊-

ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-

အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။-

သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ