Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 11:22

Judson Bible

ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။-

သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-

ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။-

မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ