ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။-
မတရားသောသူ၏နေရာသည် ထာဝရဘုရားကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းချီးပေးတော်မူ၏။
လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။-
ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။-
ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။-
မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊-
အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာတော်မူ၏။-