Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 11:17

Judson Bible

ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။

ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။

ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်​ကို၊ သင်​တို့​သည် ဓား​ပြ​တွင်း​ကဲ့​သို့ ထင်​ကြ​သ​လော။ ဤ​အ​မှု​ကို ငါ့​ကိုယ်​တိုင်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​သည် ကုန်​သည်​ဖြစ်၏။ စဉ်း​လဲ​သော ချိန်​ခွင်​ကို ကိုင်​တတ်၏။ သူ​တစ်​ပါး​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ၏။

ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊-

ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-

ဗိ​မာန်​တော်၌ သိုး၊ နွား၊ ချိုး​ငှက် ရောင်း​သော သူ​တို့​ကို​လည်း​ကောင်း၊ ပွဲ​စား​များ ထိုင်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့​တော်​မူ​လျှင်၊-

ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ