Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:5

Judson Bible

ယေ​ရှု​က​လည်း၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မော​ရှေ​သည် ထို​ပ​ညတ်​ကို ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။

ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။-

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​ယား​နှင့်​ထိမ်း​မြား၍ ဆက်​ဆံ​ပြီး​မှ တစ်​ဖန် အ​ပြစ်​တင်​စ​ရာ အ​ကြောင်း​ရှိ​သော​ကြောင့် စိတ်​မ​တွေ့​လျှင်၊ ဖြတ်​စာ​ကို​ရေး၍ သူ၌​အပ်​ပေး​သ​ဖြင့် လွှတ်​လိုက်​ရ​မည်။

သင်​တို့​အ​မျိုး​သည် ပုန်​ကန်​တတ်​သော​သ​ဘော၊ ခိုင်​မာ​သော​သ​ဘော​ရှိ​ကြောင်း​ကို ငါ​သိ၏။ ငါ​အ​သက်​ရှင်၍၊ သင်​တို့​တွင်​နေ​စဉ်​အ​ခါ၊ ယ​နေ့​ပင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ကြ​ပြီ။ ငါ​သေ​သော​နောက် ထို​မျှ​မ​က​ပြု​ကြ​လိမ့်​မည်။

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ကု​သိုလ်​ကြောင့်၊ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ