Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 10:24

Judson Bible

တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။

ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။

ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။

ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

မိ​မိ​အ​သိုက်​ကို မြင့်​သော အ​ရပ်၌​တင်၍ ဘေး​ဒဏ်​လက်​မှ မိ​မိ​လွတ်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ဓ​မ္မ​စီး​ပွား​ကို မိ​မိ​အ​မျိုး​အ​ဖို့ ရှာ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

ထို​သူ​တို့​သည်​ကြား​လျှင် အ​လွန်​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။-

လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။-

ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-

ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-

ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။-

တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။-

ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌ တည်​လျက် ရှိ​တော်​မူ​သည်​တိုင်​အောင် သင်​တို့​အ​ဖို့ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​ခံ​ရ​သော ငါ့​ချစ်​သား​တို့၊-

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။-

ချစ်​သား​တို့၊ ရုပ်​တု​ဆင်း​တု​ကို ကြဉ်​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ