Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 10:23

Judson Bible

ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊

ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-

ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ပျက်၍ စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို မြင်​ခြင်း​ငှာ ပတ်​လည်​သို့ ကြည့်​ရှု​တော်​မူ၏။-

ထို​သို့ စိတ်​မ​သာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-

ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။-

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ခြင်း​အ​ခွင့်​ကို သင်​တို့​အား ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လ​တ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ