Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 10:22

Judson Bible

ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ပျက်၍ စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။

ဆူး​ပင်​တို့​တွင် အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား တ​ရား​စ​ကား​ကို​ကြား၍ လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း​နှင့် စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။-

ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်၌ သေ​ပြစ်​ကို စီ​ရင်​ကြ​သည်​ကို သိ​မြင်​လျှင်၊ နောင်​တ​ရ၍ ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ​တို့၌ ပြန်​ပေး၍၊-

ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-

သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။

မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊-

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ကယ်​တင်​ခြင်း​နှင့်​ယှဉ်​သော နောင်​တ​စိတ် တည်း​ဟူ​သော၊ မ​ပြောင်း​လဲ​နိုင်​သော နောင်​တ​စိတ်​ကို ပြု​ပြင်​တတ်၏။ လော​ကီ ဝမ်း​နည်း​ခြင်း​မူ​ကား၊ သေ​ခြင်း​ကို​ပြု​ပြင်​တတ်၏။-

မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ