Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 10:11

Judson Bible

ကိုယ်​တော်​က​လည်း၊ အ​ကြင်​သူ​သည် မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြ၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

နောက်​တစ်​ဖန် တ​ပည့်​တော်​တို့​သည် အိမ်၌​ရှိ​စဉ်၊ ထို​အ​ကြောင်း​ကို မေး​လျှောက်​ပြန်​ကြ၏။

အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့်၊ မိ​မိ​လင်​မ​သေ​မီ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​လျှင်၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​ထိုက်၏။ လင်​သေ​လျှင်​မူ​ကား၊ ထို​တ​ရား​နှင့်​လွတ်​သည်​ဖြစ်၍၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​သော်​လည်း၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​စ​ရာ​အ​ကြောင်း​မ​ရှိ။-

မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။-

ထို​မိန်း​မ​သည် လင်​အိမ်​မှ​ထွက်​သွား​သော​နောက်၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​ရ​သော​အ​ခွင့်​ရှိ၏။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ