Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 1:44

Judson Bible

အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ သင်​သ​တိ​ပြု။-

ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-

ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

စစ်​သူ​ကြီး​က​လည်း၊ သင်​သည်​ငါ့​အား ဤ​သို့​ကြား​လျှောက်​သည်​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်​ဟု ထို​လု​လင်​ကို​မှာ​ထား၍ လွှတ်​လိုက်​ပြီး​လျှင်၊

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ