ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။-
အကြောင်းမူကား၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကို ကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။-
ယေရှုကလည်း၊ သင်သတိပြု။-
ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။-
သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏။-