Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 1:39

Judson Bible

ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-

က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊-

ကိုယ်​တော်​က​လည်း ငါ​သည် နီး​စပ်​သော​မြို့​ရွာ​တို့၌ တ​ရား​ဟော​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့။ ထို​သို့​အ​လို့​ငှာ ငါ​ကြွ​လာ​ပြီ​ဟု မိန့်​တော်​မူ၍၊-

တ​ရား​ဇ​ရပ်​သို့ တစ်​ဖန် ဝင်​တော်​မူ၍၊ ထို​ဇ​ရပ်၌ လက်​တစ်​ဖက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-

ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

ထို​မိန်း​မ​သည် မိ​မိ​အိမ်​သို့​ပြန်၍ နတ်​ဆိုး ထွက်​သွား​သည်​ကို​လည်း​ကောင်း၊ သ​မီး​သည် အိပ်​ရာ၌ အိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့၏။

နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ