Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 1:1

Judson Bible

ဘု​ရား​သ​ခင်​သား​တော်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​စ​ကို ဆို​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​တော်​အ​ချက်​ကို ငါ​ပြန်​ကြား​ပေ​အံ့။ ထာ​ဝ​ရ​ဘု​ရား​က သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ။

လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။

ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-

ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။

အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ ယုံ​ကြည်​သိ​မှတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။-

သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။-

ထို​သ​ခင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား နောင်​တ​နှင့် စပ်​ဆိုင်​သော​ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​နှင့်​လေ၏။-

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ