Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရော​မ 8:24

Judson Bible

ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။

အ​ချုပ်​ခံ၍ မျှော်​လင့်​သော သူ​တို့၊ ရဲ​တိုက်​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည် နှစ်​ဆ​သော​ကျေး​ဇူး​ကို ပြု​ဦး​မည်​ဟု ယ​နေ့​ပင် ပြော​ထား၏။

မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။-

ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။-

ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။-

ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊-

ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။-

တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-

နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။-

ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။

ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။-

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ