Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရော​မ 7:8

Judson Bible

အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ၍၊ ငါ၌ အ​မျိုး​မျိုး​သော လော​ဘ​တို့​ကို ဖြစ်​စေ၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ အ​ပြစ်​တ​ရား​သေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-

ငါ​သည် လာ၍ ထို​သူ​တို့​အား မ​ဟော​မ​ပြော​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ မိ​မိ​တို့​အ​ပြစ်​ကို ဝှက်၍ မ​ထား​နိုင်​ကြ။-

ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-

ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-

ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။-

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။-

အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ​လျှင်၊ ငါ့​ကို​လှည့်​ဖြား၍ ထို​တ​ရား​အား​ဖြင့် ငါ့​ကို​သတ်​လေ၏။-

သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။

သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။-

အ​ထက်​က ပ​ညတ်​တ​ရား​မ​ရှိ​သ​ဖြင့်၊ ငါ​သည် အ​သက်​ရှင်၏။ ပ​ညတ်​တ​ရား​ပေါ်​သော​အ​ခါ အ​ပြစ်​တ​ရား​သည် ရှင်​ပြန်၏။ ငါ​လည်း သေ၏။-

သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ