Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရော​မ 4:9

Judson Bible

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​သာ​လျှင် ထို​မင်္ဂ​လာ​ကို ရ​ကြ​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​သည်​လည်း ရ​ကြ​သ​လော။ အ​ဘယ်​ကြောင့် မေး​သ​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​ကို အာ​ဗြ​ဟံ၌ ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။

သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။

ထို​သို့​ဆို​သော် အ​ဘယ်​သို့ မှတ်​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ပြီး​မှ မှတ်​သ​လော။ မ​ခံ​မီ မှတ်​သ​လော။ ခံ​ပြီး​မှ​မှတ်​သည် မ​ဟုတ်။ မ​ခံ​မီ မှတ်​သ​တည်း။-

ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။

စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။-

ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ