Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရော​မ 2:18

Judson Bible

အ​လို​တော်​ကို​သိ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို လေ့​ကျက်​သ​ဖြင့် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​သော​သူ​ဖြစ်​သည်​နှင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

စေ့​စေ့​ဖွေ​ရှာ လိုက်​စစ်​ပြီး​လျှင်၊ ကိုယ်​တော်​သင်​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​သည် ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​စဉ်​အ​တိုင်း​ရေး​ထား၍ ကြား​လိုက်​မည်​အ​ကြံ​ရှိ​ပါ၏၊ အ​လွန်​မြတ်​သော​သော်​ဖိ​လု။

အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။-

ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

လူ​ကန်း​တို့​အား လမ်း​ပြ​သော​သူ၊ မှောင်​မိုက်၌ နေ​သော​သူ​တို့​ကို လင်း​စေ​သော​သူ၊-

ငါ​သည် ယ​နေ့​သင်​တို့၌​ထား​သော တ​ရား​အ​ပေါင်း​နှင့်​အ​မျှ ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​ရ​သော အ​ဘယ်​လူ​မျိုး​ကြီး ရှိ​သ​နည်း။

မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊-

ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။-

ကောင်း​ကျိုး​မ​ကောင်း​ကျိုး​ကို ပိုင်း​ခြား၍ သိ​နိုင်​သော​ဉာဏ်​ပေး​တတ်​သော၊ အ​ကြား​အ​မြင် အ​တွေ့​အ​စမ်း​များ​သော သူ​တည်း​ဟူ​သော၊ စုံ​လင်​သော အ​ရွယ်​ရှိ​သော သူ​တို့​မူ​ကား၊ ကြေ​ခဲ​သော အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ရ​ကြ၏။

ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ