Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရော​မ 16:3

Judson Bible

ငါ​နှင့်​အ​တူ ယေ​ရှု​ခ​ရစ်၏ အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။-

တ​ပည့်​တော်​စစ်​ဖြစ်​သော အ​ပေ​လေ​နှင့် အာ​ရိ​တ္တော​ဗု​လု၏ အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။-

ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ၊ ငါ​အ​မျိုး​သား​ချင်း အ​န္ဒြော​နိတ်​နှင့် ယု​နိ​ကို နှုတ်​ဆက်​ကြ​လော့။ ထို​သူ​တို့​သည် တ​မန်​တော်​များ​တွင် အ​သ​ရေ​ထင်​ရှား​သော​သူ ဖြစ်​ကြ၏။ ငါ့​အ​ရင် တ​ပည့်​တော်​အ​ဖြစ်​သို့ ရောက်​သော​သူ​လည်း ဖြစ်​ကြ၏။-

ငါ​တို့​နှင့်​အ​တူ ခ​ရစ်​တော်၏​အ​မှု​ကို​ဆောင်​ရွက်​သော ဥ​ရ​ဗန်​နှင့် ငါ့​ချစ်​သား​သ​တာ​ခု​ကို နှုတ်​ဆက်​ကြ​လော့။-

ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။-

ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။

ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။-

ထို​သို့​သော သူ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​နှင့် အ​တူ​လုပ်​ကိုင်၍ အ​မှု​ဆောင်​သော​သူ​ရှိ​သ​မျှ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဝန်​ခံ​ကြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။-

အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-

တစ်​ဆယ်​လေး​နှစ်​အ​ထက်​က၊ ခ​ရစ်​တော်၏ တ​ပည့်​ဖြစ်​သော လူ​တစ်​ယောက်​ကို တ​တိ​ယ​ကောင်း​ကင်​သို့​တိုင်​အောင် ချီ​ဆောင်​သည်​အ​ကြောင်း​ကို ငါ​သိ၏။ ထို​အ​ခါ​သူ၌ ကိုယ်​ခ​န္ဓာ​ပါ​သည် မ​ပါ​သည်​ကို ငါ​မ​သိ။ ဘု​ရား​သ​ခင် သိ​တော်​မူ၏။-

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ယု​ဒ​ပြည်၌ ခ​ရစ်​တော်၏​ဘာ​သာ​ကို ခံ​ယူ​သော သင်း​ဝင်​သူ​တို့​သည် ငါ့​မျက်​နှာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၍၊-

သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။-

ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ၍ ဩ​နေ​သိ​ဖော်၏ အိမ်​သူ​အိမ်​သား​များ​ကို နှုတ်​ဆက်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ