Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရု​သ 4:4

Judson Bible

သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​ပါ။ ထို​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ အ​ကျွန်ုပ်​အ​မျိုး​သား​များ​ရှေ့၌၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​လေ​၏။

ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ အာ​ဗြ​ဟံ​ဥ​စ္စာ​ဖို့ လုံ​ခြုံ​စွာ​အပ်​ပေး​လေ​၏။

ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။

အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-

သ​ခင်​ဘု​ရား​ရှေ့​တော်၌​သာ​မ​က၊ လူ​တို့​ရှေ့၌ တင့်​တယ်​လျှောက်​ပတ်​သော အ​ကျင့်​ကို ကြံ​စည်​ကြ၏။-

မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထို​သူ​ကို​ခေါ်၍ မေး​မြန်း​ရ​ကြ​မည်။ သူ​က​လည်း၊ ထို​မိန်း​မ​ကို အ​ကျွန်ုပ်​မ​ယူ​လို​ပါ​ဟု​ဆို၍ ခိုင်​မာ​စွာ​နေ​လျှင်၊

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။

ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။

သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ​သည် ကိုယ်​တော်၏ ကျွန်​မ​ရု​သ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း​ဖြစ်​သော​ကြောင့်၊ ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဝတ်​တော်​စွန်း​နှင့် ဖုံး​ပါ​တော့​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ