Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရု​သ 3:12

Judson Bible

ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-

ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။

မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။

ယ​နေ့​ည​မှာ နေ​ဦး​တော့၊ ထို​သူ​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း ဝတ်​ကို​ပြု​လို​လျှင် ပြု​ပါ​လေ​စေ။ ကောင်း၏။ မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​မည်။ နံ​နက်​တိုင်​အောင် အိပ်​ဦး​တော့ ဟု​ဆို၏။

ထို​အ​ခါ ဗော​ဇ​သည် မြို့​တံ​ခါး​ဝ​သို့​သွား၍ ထိုင်​သ​ဖြင့်၊ မ​နေ့​က​ပြော​သော အ​မျိုး​သား​ချင်း လျှောက်​သွား​သည်​ကို​မြင်​လျှင်၊ အို​မည်​သူ၊ လှည့်၍​ထိုင်​ပါ​တော့​ဟု ခေါ်​သည်​အ​တိုင်း သူ​သည် လှည့်၍​ထိုင်​လေ၏။

သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ