Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရု​သ 2:8

Judson Bible

ဗော​ဇ​သည် ရု​သ​ကို​ခေါ်၍၊ နား​ထောင်​ပါ၊ ငါ့​သ​မီး။ အ​ခြား​သော​လယ်​သို့​သွား၍ စ​ပါး​ကျန်​ကို မ​ကောက်​နှင့်။ ဤ​အ​ရပ်​က​မ​ထွက်​ဘဲ၊ ငါ့​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တို့​သည် ချဉ်း​လာ၍ အ​ဘ၊ ခက်​သော​အ​မှု​ကို​ပြု​ရ​မည်​ဟု ပ​ရော​ဖက်​စီ​ရင်​လျှင် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ ရေ​ချိုး၍​သာ သန့်​ရှင်း​ခြင်း​သို့ ရောက်​လော့​ဟု​စီ​ရင်​လျှင် အ​ဘယ်​မျှ​လောက်​သာ၍ ပြု​တော်​မူ​သင့်​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊

ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

သူ​က​လည်း၊ ကျွန်​မ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နောက်၌ ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျက်​ဝင်​သ​ဖြင့်၊ နံ​နက်​မှ​စ၍ ယ​ခု​ခ​ဏ တဲ၌​နေ​သော​အ​ချိန်​တိုင်​အောင် လုပ်​နေ​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊

သူ​တို့​ရိတ်​သော လယ်​ကွက်​ကို​ကြည့်​မှတ်၍ သူ​တို့​နောက်၌ လိုက်​လော့။ လု​လင်​တို့​သည် သင့်​ကို မ​နှောင့်​ယှက်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ။ ရေ​ငတ်​သော​အ​ခါ၊ အိုး​ထား​ရာ​သို့​သွား၍ လု​လင်​ခပ်​သော​ရေ​ကို သောက်​တော့​ဟု ဆို​လေ​သော်၊

ဧ​လိ​က၊ ငါ့​သား​ရှ​မွေ​လ​ဟု ခေါ်​လျှင်၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​လေ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ