Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရု​သ 2:20

Judson Bible

ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​သည် ရှော​လု​ကို သင်္ဂြိုဟ်​ပါ​ပြီ​ဟု ဒါ​ဝိဒ်​အား​ကြား​လျှောက်​သော်၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​ရှိ​ရာ​သို့ တ​မန်​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် သင်​တို့​အ​ရှင်​ရှော​လု၌ က​ရု​ဏာ​ကျေး​ဇူး​ပြု၍ အ​လောင်း​တော်​ကို သင်္ဂြိုဟ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​ပါ​စေ​သော။

တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။

ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။-

ထို​သူ​က၊ ငါ့​စ​ပါး​ရိတ်​ခြင်း​အ​မှု မ​ပြီး​မီ​တိုင်​အောင်၊ ငါ့​လူ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့​ဟု ဆို​ကြောင်း​ကို​လည်း မော​ဘ​အ​မျိုး​သ​မီး ရု​သ​သည် ကြား​ပြော​သော်၊

ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။

မိန်း​မ​တို့​သည်​လည်း နော​မိ​အား၊ သင့်​ကို​ပြု​စု​သော အ​မျိုး​သား​ချင်း​ကို​ယ​နေ့​ဖြတ်​တော်​မ​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သော။ ယ​ခု​ရ​သော အ​မျိုး​သား​ချင်း​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ အ​သ​ရေ​ကျော်​စော​ပါ​စေ​သော။

သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။

အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​သည် ကိုယ်​အ​ဖို့​မ​ရွေး​နိုင်​ပါ။ ရွေး​လျှင် ကိုယ်​အ​မွေ​ဥ​စ္စာ​ကို​ဖျက်​မည် စိုး​ရိမ်​စ​ရာ​ရှိ၏။ ကျွန်ုပ်​မ​ရွေး​နိုင်​သော​ကြောင့်၊ ကျွန်ုပ်​ရွေး​ပိုင်​သော​အ​ရာ​ကို ကိုယ်​အ​ဖို့​ရွေး​ပါ​တော့​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ