Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရု​သ 1:2

Judson Bible

ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ယု​ဒ​အ​မျိုး​နှင့် စပ်​ဆိုင်​သော ဗက်​လင်​ယု​ဒ​မြို့​သား လေ​ဝိ​အ​မျိုး လု​လင်​တစ်​ယောက်​သည်၊ ဗက်​လင်​မြို့​မှာ တည်း​ခို၍ နေ​ပြီး​လျှင်၊

မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။

နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။

ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။

နော​မိ၏​လင် ဧ​လိ​မ​လက်၏ အ​ဆွေ​အ​မျိုး​တွင် အ​လွန်​ရ​တတ်​သော ပေါက်​ဖော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မည်​ကား ဗော​ဇ​တည်း။

ဗော​ဇ​က​လည်း၊ ဧ​လိ​မ​လက်​ဥ​စ္စာ၊ ခိ​လျုန်​ဥ​စ္စာ၊ မ​ဟာ​လုန်​ဥ​စ္စာ ဟူ​သ​မျှ​ကို နော​မိ​လက်​မှ​ငါ​ဝယ်၍၊

ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။

ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ဘ​ယေ​ရှဲ​သည် သား​ရှစ်​ယောက်​ရှိ၏။ ရှော​လု​လက်​ထက်၌ ထို​သူ​သည် အ​သက်​ကြီး​သော​သူ၏ အ​ရာ​ရှိ၏။

ဣ​သ​ရေ​လ တပ်​သား​တို့​နှင့် ဖိ​လိ​တ္တိ​တပ်​သား​တို့​သည် စစ်​ခင်း​ကျင်း၍ စစ်​တ​လင်း​သို့​ချီ​လျက်၊ စစ်​တိုက်​မည်​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ