Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 9:17

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆင်​ခြင်​ကြ​လော့၊ ငို​ခြင်း​သည်​မ​တို့​ကို ခေါ်၍​လာ​ကြ​စေ။ လိ​မ္မာ​သော​မိန်း​မ​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍ လာ​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

နေ့​ရက်​ကို​ရွေး၍ ကျိန်​ဆဲ​တတ်​သော​သူ၊ မိ​ကျောင်း​ကို ထ​စေ​တတ်​သော​သူ​တို့​သည် ထို​ည​ကို ကျိန်​ဆဲ​ပါ​စေ။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

သင်၏​သ​စ္စာ​ဆံ​ပင်​ကို​ရိတ်၍ ပစ်​လိုက်​လော့။ မြင့်​သော​အ​ရပ်၌ မြည်​တမ်း​ခြင်း​ကို ပြု​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​ပယ်​တော်​မူ​ပြီ။ အ​မျက်​တော်​သင့်​ရောက်​သော​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။

အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ တု​ရု​မြို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ ယ​ခု​သင်​တို့၌ ငါ​မြွက်​ဆို၍ မြည်​တမ်း​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။

အ​ရာ​ရှိ​အိမ်​သို့ ရောက်​တော်​မူ၍ တီး​မှုတ်​သော သူ​တို့​နှင့် များ​စွာ​သော​လူ​တို့​သည် အုန်း​အုန်း​သဲ​သဲ ပြု​ကြ​သည်​ကို​မြင်​လျှင်၊-

တ​ရား​ဇ​ရပ်​မှူး​အိမ်​သို့​ရောက်၍ အုန်း​အုန်း သဲ​သဲ​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ အ​လွန်​ငို​ကြွေး​မြည်​တမ်း​သော သူ​တို့​ကို​လည်း​ကောင်း မြင်​တော်​မူ​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ