ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။
မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊
ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓားဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြလိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသဘောသို့ လိုက်သောသူတို့အား၊ သင်တို့သည် ဘေးဥပဒ်နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။
ငါတို့သည် ချမ်းသာကိုမျှော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မျှော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။
သင်၏ ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင့်အဖို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကို ပြေစေခြင်းငှာ၊ သင်၏အပြစ်ကိုမဖော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာအရာကို သင့်အဖို့ မြင်ကြပြီ။
ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့သည် မုသားစကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍၊ သူတို့ကို ခိုင်မာစေသောကြောင့်လည်းကောင်း၊
ကိုယ်အလိုသို့လိုက်၍ မုသားစကားကို သုံးသောသူက၊ ငါသည်ပရောဖက်ပြု၍ စပျစ်ရည်တရားနှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက် ဖြစ်ရလိမ့်မည်။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။-