Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 7:8

Judson Bible

အ​ကျိုး​မ​ရှိ​ဘဲ မု​သား​စ​ကား​ကို​ပြော​သော​သူ​တို့၌ သင်​တို့​သည် ခို​လှုံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊

သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။

တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။

သင်​သည် ငါ့​ကို​မေ့​လျော့၍၊ မု​သား၌​မှီ​ဝဲ​ဆည်း​ကပ်​သော​ကြောင့်၊ သင့်​အ​ဖို့ ငါ​တိုင်း​ထွာ၍ ပေး​လ​တ္တံ့​သော အ​ငန်း​အ​တာ​ကား ဤ​သို့​တည်း။

ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​ရော​ဖက်​ယေ​ရ​မိ​က​လည်း၊ ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စေ​လွှတ်​တော်​မ​မူ။ ဤ​လူ​မျိုး​သည် မု​သား၌ ခို​လှုံ​မည်​အ​ကြောင်း​ကို သင်​ပြု​တတ်၏။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သန်​လျက်​သည် အ​သက်​ကို​ထိ​သည်​တိုင်​အောင် ခွင်း​သော်​လည်း၊ သင်​တို့​သည် ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​သော​အား​ဖြင့်၊ ဤ​လူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​လွန်​လှည့်​စား​တော်​မူ​ပါ​ပြီ တ​ကား​ဟု လျှောက်​ဆို၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ဤ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ဖြစ်​သ​တည်း​ဟု မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၌ မ​မှီ​ဝဲ​ကြ​နှင့်။

ထို​အ​ကြောင်း​ကြောင့်၊ သူ​တို့​မ​ယား​များ​ကို သူ​တစ်​ပါး​တို့၌​ငါ​အပ်​မည်။ သူ​တို့​လယ်​ယာ​များ​ကို သူ​တစ်​ပါး​တို့​အား အ​ပိုင်​ပေး​မည်။ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော​စီး​ပွား​ကို ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ