ယေရမိ 7:34Judson Bibleယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာပူဇော်သကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကိုခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တစ်ဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။-