Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 7:32

Judson Bible

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ချိုင့်​ကို​တော​ဖက်​ချိုင့်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏​ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တော​ဘက်၌ မြေ​လွတ်​မ​ရှိ​သည်​တိုင်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​တစ်​ဖန် မ​ပြင်​နိုင်​အောင် ရေ​ဘူး​ကို ခွဲ​သ​ကဲ့​သို့၊ ဤ​လူ​များ​နေ​သော ဤ​မြို့​ကို ငါ​ခွဲ​မည်။ တောဖက်​အ​ရပ်၌ သင်္ဂြိုဟ်​ရာ​မြေ​မ​လောက်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ရပ်​ကို တောဖက်​အ​ရပ်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏ ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​သည်​ရောက်​လိမ့်​မည်။

အ​ရှေ့​ဘက်​မြင်း​တံ​ခါး​ရှိ​သော မြို့​ထောင့်​တိုင်​အောင်၊ အ​သေ​ကောင်​များ၊ ပြာ​များ​စွန့်​ပစ်​ရာ​ချိုင့် တစ်​လျှောက်​လုံး​နှင့်၊ ကေ​ဒြုန်​ချောင်း​အ​တွင်း​တွင်၊ လယ်​ပြင်​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် နုတ်​ပယ်​ဖြို​ချ​ခြင်း အ​လျှင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။

ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော်​လည်း၊ သူ​တို့​သား​သ​မီး​များ​ကို မီး​ရှို့​ခြင်း​ငှာ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော တော​ဖက်​ကုန်း​တို့​ကို တည်​ကြ​ပြီ။

သင်​တို့ ယဇ်​ပ​လ္လင်​တို့​သည် လူ​ဆိတ်​ညံ​လိမ့်​မည်။ နေ​ရုပ်​တု​တို့​သည် ကျိုး​ပဲ့​လိမ့်​မည်။ ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ သင်​တို့၏​သူ​ရဲ​များ​ကို ငါ​လှဲ​ချ​မည်။

သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ