ယေရမိ 7:30Judson Bibleထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသားတို့သည် ငါ့ရှေ့မှာ ဆိုးသောအမှုကို ပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကိုညစ်ညူးစေခြင်းငှာ၊ ရွံရှာဖွယ်သောအရာတို့ကို သွင်းထားကြပြီ။ အခန်းကိုကြည့်ပါ။ |
ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အားမိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ၊ မိမိပြုစုသောရုပ်တုနှင့် တူအောင်လုပ်သော ရုပ်တုတစ်ခုကို တင်ထား၏။
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအားပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ချိုင့်၌ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
လက်သဏ္ဌာန်ကိုဆန့်၍ ငါ၏ဆံပင်တစ်စုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကို မြေနှင့်မိုးကောင်းကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့ မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။