Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 7:19

Judson Bible

ထို​သို့​ပြု၍ ငါ့​ကို​နှောင့်​ယှက်​ကြ​သ​လော။ မိ​မိ​တို့ မျက်​နှာ​ကို​ဖျက်​မည်​အ​ကြောင်း၊ မိ​မိ​တို့​ကိုယ်​ကို​သာ နှောင့်​ယှက်​ကြ​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။

သင်​သည် ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ထိ​ခိုက်​နိုင်​သ​နည်း။ ပြစ်​မှား​သော အ​ပြစ်​များ​သော်​လည်း၊ အ​ကျိုး​တော်​ကို အ​ဘယ်​သို့ ဖျက်​နိုင်​သ​နည်း။

သို့​မ​ဟုတ်​၊ ငြင်း​ဆန်​ပုန်​ကန်​လျှင် ဓား​လက်​နက်​ဖြင့် ဆုံး​ရ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​တော်​ထွက်​အ​မိန့်​တော်​ရှိ​၏။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။

ရုပ်​တု​ကို​လုပ်​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ရှက်​ကွဲ၍ တစ်​ပြိုင်​နက် ဆုတ်​သွား​ကြ​လိမ့်​မည်။

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင့်​ကို ပို့​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​စွန့်​သော​ကြောင့်၊ ထို​သို့​သော​အ​ပြစ် ရောက်​သည် မ​ဟုတ်​လော။

သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​သူ​ရဲ​ကဲ့​သို့ ငါ့​ဘက်၌ ရှိ​တော်​မူ၏။ ထို​ကြောင့်၊ ငါ့​ကို​ညှဉ်း​ဆဲ​သော သူ​တို့​သည် မ​နိုင်​ဘဲ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြံ​မ​မြောက်​သော​ကြောင့် အ​လွန်​ရှက်​ကြ​လိမ့်​မည်။ မ​ပြေ​မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​ရှက်​ကြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။

သင့်​ကို ကျွေး​မွေး​သော​သူ​အ​ပေါင်း​တို့​ကို လေ​သည် စား​လိမ့်​မည်။ သင်၏​မိတ်​ဆွေ​တို့​ကို ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကိုယ်​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် အ​မှန်​ရှက်​ကြောက်၍ စိတ်​ပျက်​ခြင်း​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

အ​ကျွန်ုပ်​တို့​သည် ရှက်​ကြောက်​လျက် အိပ်​ရ​ကြ၏။ အ​သ​ရေ​ပျက်​ခြင်း၌ နစ်​မွန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ဘိုး​ဘေး​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဆို​ကြ​၏။

ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​အော်​ဟစ်​သံ​ကို ဝေး​သော​ပြည်​က ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့၌ ရှိ​တော်​မ​မူ​သ​လော။ မိ​မိ​ရှင်​ဘု​ရင်​သည် မြို့​ထဲ၌ ရှိ​တော်​မ​မူ​သ​လော။ တစ်​ကျွန်း​တစ်​နိုင်​ငံ​နှ​င့်​ဆိုင်​သော အ​ချည်း​နှီး​အ​ရာ၊ ရုပ်​တု​ဆင်း​တု​အား​ဖြ​င့် သူ​တို့​သည် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​ကြော​င့် ပြု​ကြ​သ​နည်း။

နား​ထောင်​ကြ။ ဇိ​အုန်​မြို့၌​ကြား​ရ​သော ငို​ကြွေး​သံ​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​ဘယ်​မျှ​လောက် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သည်​တ​ကား။ သူ​တစ်​ပါး​တို့​သည် ငါ​တို့​နေ​ရာ​များ​ကို​ဖြို​ချ​သော​ကြောင့်၊ ငါ​တို့​သည် ကိုယ်​ပြည်​ကို​စွန့်၍ အ​လွန် မိန်း​မော​တွေ​ဝေ​ကြ​သည်​တ​ကား။

ဆူ​ဖြိုး​သော သင်၏​အိမ်​နီး​ချင်း​အဲ​ဂု​တ္တု​လူ​တို့​နှင့် မှား​ယွင်း၍၊ ငါ့​အ​မျက်​ကို​နှိုး​ဆော်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

သ​ခင်​ဘု​ရား အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ ငါ​တို့ ပြု​ရ​ကြ​သ​လော။ ငါ​တို့​သည် သ​ခင်​ဘု​ရား​ထက်​သာ၍ တန်​ခိုး​ကြီး​ကြ​သ​လော။

သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ